မိဂဒါ မဟာစေတီတော် စီမံကိန်း

မူဆယ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်အပြင် နိုင်ငံတော်၏ နယ်စပ်ကုန်သွယ်စီးဆင်းမှု ၇၀% ရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ နိုင်ငံတော်၏မျက်နှာစာမြို့တစ်မြို့ဖြစ်သည်နှင့်အညီ နေထိုင်သောလူမျိုး အများစုမှာလည်း ထေရဝါရဗုဒ္ဓဘာသာ ကိုးကွယ်ကြသောကြောင့် ကြီးကျယ်ခမ်းနား၍ ကြည်ညိုဖွယ်ရာကောင်းသော စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ရန် ရည်ရွယ်ခဲ့ကြပါသည်။ ထို့ကြောင့် မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်တော်၏
အမြင့်ဆုံးနေရာဖြစ်သော ပွိုင့် ၃၁၂၇ တောင်ကုန်းပေါ်၌ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊ ပြည်နယ်သံဃဝန်ဆောင် ဆရာတော်များ၊ ရှမ်းပြည်နယ်အတွင်းရှိ သံဃာတော် အပါး ၈၀ ကျော်တို့က မြေသန့်မင်္ဂလာ အခမ်းအနားပြုလုပ်ခဲ့ပြီး စေတီတော်ကြီးအား မိဂဒါမဟာစေတီတော် ဟု ဘွဲ့နာမ ခေါ်တွင်စေရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။

စေတီတော်စီမံကိန်းဆိုင်ရာ အချက်အလက်များ

စေတီတော်အမည်မိဂဒါမဟာစေတီတော်
စေတီတော်တည်နေရာလွယ်တိန်ခမ်းတောင်တော်၊ ပွိုင့် ၃၁၂၇ တောင်ကုန်း၊ မူဆယ်မြို့။
စေတီတော်အမျိုအစားလှိုဏ်ဂူဘုရားစေတီတော်(ရှစ်မျက်နှာဘုရား)
ထီးတော်ရှမ်းထီးတော်ပုံစံ
ဉာဏ်တော်၁၆၂ ပေ
စေတီတော်ဒီဇိုင်းSY Construction Co.,Ltd. နှင့် မြန်မာမှုပညာရှင် ဦးခင်ဇော် (B.E.,Civil)
ခန့်မှန်းခြေကုန်ကျစရိတ်၉၆၆၇ သိန်း
ကိုးကားချက်

စွယ်တော်မြတ်စေတီတော်(မန္တလေးမြို့)
လောကထွဋ်တင် စေတီတော် (တံတားဦး၊ မန္တလေးမြို့)
မဟာဝိဇယစေတီတော် (ရန်ကုန်မြို့)
ရွှေမင်းဝံစေတီတော် (ရွှေလီမြို့၊ တရုတ်နိုင်ငံ)