Muse Concrete Group of Companies (MCGC)

MCGC သည် အသင့်ဖျော် အရည်အသွေးမြင့် ကွန်ကရစ်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ MCGC ထဲသို့ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်က ၄၅% ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။ ထို့ပြင် MCGC ၏ နည်းပညာဆိုင်ရာ လုပ်ငန်းလည်ပတ်မှုပိုင်းတွင် ဂရိတ်ဟော်ခမ်းက အမြတ် ၈ ရာခိုင်နှုန်း ဝန်ဆောင်ခဖြင့် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည်။

ကုမ္ပဏီဆိုင်ရာ အချက်အလက်များ

ကုမ္ပဏီအမည်- MUSE CONCRETE GROUP OF COMPANIES
လုပ်ငန်း- ကွန်ကရစ်ထုတ်လုပ်ခြင်းလုပ်ငန်း
စက်ရုံတည်နေရာ- မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်း
စတင်သည့်ကာလ- ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ
စတင်လည်ပတ်ကာလ- ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်
လျာထားမတည်ငွေ- ကျပ်သိန်း ၁၄,၀၀၀
ကနဦးမတည်ငွေ- ကျပ်သိန်း ၇,၀၀၀
အစုစပ်ဝင်ကုမ္ပဏီများ- NSL : GHK : KTM
အစုရှယ်ယာအချိုး - ၄၅ : ၄၅ : ၁၀
ကုမ္ပဏီမှတ်ပုံတင်အမှတ်- ၉၀၁/၂၀၁၆-၂၀၁၇ (ရက)
ထုတ်ပေးသည့်ရက်စွဲ - ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်။

 

ရည်မှန်းချက်

အန္တရာယ်ကင်းရှင်းမှု - ဝန်ထမ်းတိုင်းသည် လုပ်ငန်းလုပ်ဖော်ကိုင်ဖက်များ၊ စီးပွားရေးမိတ်ဖက်များ၊ မိသားစုများနှင့် အပေါင်းအဖော်များ၏ ကောင်းကျိုးဖြစ်ထွန်းမှုနှင့် အန္တရာယ်ကင်းရှင်းမှုများကို ရှေးရှုပြီး မတော်တဆဖြစ်မှုနှင့် ဒဏ်ရာအနာတရဖြစ်မှု လုံးဝကင်းမဲ့သည့် လုပ်ငန်းခွင်ကို တည်ဆောက်ရန်။

ဝန်ထမ်းခန့်ထားမှု - ရိုးသားကြိုးစားစိတ်၊ စည်းလုံးညီညွတ်စိတ်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်နိုင်သည့်ဝန်ထမ်းများကိုသာ ရွေးချယ်ခန့်ထားရန်။

အရည်အသွေး - အနှိုင်းမဲ့ ကောင်းမွန်သော ပစ္စည်းအရည်အသွေးနှင့် လုပ်ငန်းဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန်။

တန်ဖိုးထိုက်သင့်မှု - တန်ဖိုးသင့်လျော်ပြီး အရည်အသွေးစံချိန်မီသော ထုတ်လုပ်မှုများကို အခြေအနေ တောင်းဆိုသည့်အတိုင်း အချိန်နှင့် တပြေးညီ ထုတ်လုပ်နိုင်ရန်နှင့် ဝယ်ယူသူထံ အချိန်မီ ရောက်ရှိနိုင်ရန်။

လူမှုဝန်းကျင် ကောင်းကျိုးဖြစ်မှု - လုပ်ငန်းတိုင်းသည် ဒေသန္တရဖွံ့ဖြိုးရေးနှင့် လူမှုဝန်းကျင် ကောင်းကျိုး ဖြစ်ထွန်းရေးများကို တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီနိုင်ရန်။