မစ္စတာ လျိုရှောင်ဖိန်

အကြံပေးကော်မတီအဖွဲ့ဝင်

ဆရာကြီးသည် တရုတ်နိုင်ငံ Jiaotong မှ စက်မှုအင်ဂျင်နီယာဘွဲ့ကို ၁၉၉၇ ခုနှစ် တွင် ဆွတ်ခူးရရှိခဲ့သည်။ ထို့နောက်အပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းနှင့် စီးပွားရေး တက္ကသိုလ်သို့ ၂၀၀၃ ခုနှစ် မှ ၂၀၀၈ ခုနှစ်အထိ တက်ရောက်ခဲ့ပါသည်။ ဆရာကြီးသည် အီတလီ အထူးပြုဘာသာရပ်သင်တန်းကိုလည်း တက်ရောက်ပြီးစီးခဲ့ပြီး အီတလီဘာသာရပ်တွင် အထူး နှံ့စပ်တတ်ကျွမ်းသလို အင်္ဂလိပ်နှင့် တရုတ်ဘာသာရပ်ကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင် ပါသည်။ ကွန်ပျူတာပညာရပ်ဆိုင်ရာ နယ်ပယ်မျိုးစုံကိုလည်း လေ့လာခဲ့ဖူးသဖြင့် ကွန်ပျူတာကျွမ်းကျင်သူတစ်ဉီးလည်းဖြစ်ပါသည်။

ဆရာကြီးသည် အေးရှားဝေါကုမ္ပဏီလီမိတက်တွင် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဌာနမန်နေဂျာ အဖြစ်လည်းကောင်း၊ CHEMO IBERICA S.A. CHINA BRANCH ၏ အင်ဂျင်နီယာဌာနတွင် မန်နေဂျာ အဖြစ်လည်းကောင်း၊ ပီကင်း၏လုပ်ငန်းလည်ပတ်မှုကိုယ်စားလှယ်အရာရှိ၊ TECONOGAMMA SPA (Treviso-Italy) အတွက် သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနတွင် စက်မှုအင်ဂျင်နီယာအဖြစ်လည်းကောင်း၊ Officina Meccanica IF (Padova-Italy)၏ နည်းပညာဌာနတွင် စက်မှုအင်ဂျင်နီယာအဖြစ်လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။