စိုင်းဆမ်မောင်

ပညာရေး

  • B.Sc (Botany) မန္တလေးတက္ကသိုလ်

လုပ်ငန်းအတွေ့အကြုံများ

  • ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှ လက်ရှိအချိန်အထိ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်၏ စက်မှုလုပ်ငန်းဌာနတွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
  • ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်၊ သြဂုတ်လအထိ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်၏ ဆောက်လုပ်ရေးဌာနတွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၀၄ ခုနှစ်တွင် ကိုယ်ပိုင်စီးပွားရေး စတင်လုပ်ကိုင်ခဲ့ပါသည်။
  • ၂၀၁၀ ခုနှစ်မှစ၍ မိုင်ဆွန်စတိုးဆိုင် ဖွင့်ထားပါသည်။
  • ၁၉၉၈ ခုနှစ်တွင် စိုင်းခမ်းလိတ်ရေးသားသော(ဆောင်လုံ) တေးစီးရီးတွင် စိုင်းသျှန်ကျွမ်ဖနှင့် ပူးတွဲသီဆိုခဲ့ပြီး ပထမဦးဆုံးတေးစီးရီးအဖြစ် စိုင်းသျှန်စွမ်မောဝ် အမည်ဖြင့် အနုပညာလောကထဲသို့ စတင်ဝင်ရောက်ခဲ့ပါသည်။
  • ၁၉၉၈ ခုနှစ်မှ လက်ရှိအချိန်အထိ ထွက်ပြီးသော တေးစီးရီးခွေများမှာ အတွဲခွေ ၆ ခွေ၊ တစ်ကိုယ်တော်ခွေ ၅ ခွေ၊ အားလုံးပေါင်း ၁၁ ခွေ ထွက်ရှိခဲ့ပြီးဖြစ်သည်။

လူမှုရေးလုပ်ငန်းပါဝင်ဆောင်ရွက်မှု

  • မန္တလေးတက္ကသိုလ်ကျောင်းသားဘဝတွင် မန္တလေးတက္ကသိုလ် ရှမ်းတိုင်းရင်းသားများစာပေ၊ ယဉ်ကျေးမှုအလုပ်အမှုဆောင်လုပ်ငန်းများ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
  • နမ့်ခမ်းမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွင် ဖျော်ဖြေရေးအလုပ်အမှုဆောင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။