စိုင်းညီဆာ

ပညာရေး

  • B.Sc (Botany) မန္တလေးတက္ကသိုလ်

လုပ်ငန်းအတွေ့အကြုံများ

  • Power 24 စတိုးဆိုင်ဖွင့်ထားပြီး၊ အနုပညာလုပ်ငန်းဖြစ်သည့် သီချင်းရေးစပ်ခြင်း၊ သီဆိုခြင်းကို စိုင်းသျှန်ကျွမ်ဖ အမည်ဖြင့် လုပ်ကိုင်လျက်ရှိပါသည်။
  • ၁၉၉၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သီဆိုဖြန့်ချိခဲ့သောတေးစီးရီးများမှာ တိတ်ခွေ ၅ ခွေ, VCD နှင့် DVD အယ်လ်ဘမ် အားလုံးပေါင်း ၁၂ ခု ဖြစ်ပါသည်။ ရှမ်းသီချင်း ၁၇၀ ပုဒ်ခန့်နှင့် ဗမာသီချင်း ၃ ပုဒ်ကို ရေးဖွဲ့ခဲ့ပါသည်။
  • ၂၀၁၂ ခုနှစ်မှ လက်ရှိအချိန်အထိ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်၏ သတင်းအချက်အလက်နှင့် ပြန်ကြားရေးနည်းပညာ (အိုင်စီတီ)ဌာနဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ဖျော်ဖြေခဲ့ဖူးသောနေရာများ (Localities of entertainment)

  • ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချင်းမိုင်မြို့၊ ဖန်မြို့၊ စင်ကာပူ နိုင်ငံ (၂၀၀၇ ခုနှစ်)၊ ဂျပန်နိုင်ငံ တိုကျိုမြို့ (၂၀၁၅ ခုနှစ်)၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့၊ ဟုမ္မလင်းမြို့၊ မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့အတော်များများကိုလည်း သွားရောက် ဖျော်ဖြေခဲ့ဖူးပါသည်။
  • ၂၀၁၂-၂၀၁၆ ခုနှစ်တွင် ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္ပဏီလီမိတက်၏ သတင်းအချက် အလက်နှင့် ပြန်ကြားရေးနည်းပညာဌာနဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၁၇ ခုနှစ်တွင် ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္ပဏီလီမိတက်၏ လွတ်လပ်ဒါရိုက်တာတစ်ဉီးအဖြစ် ရွေးချယ်ခံခဲ့ရပြီး၊ တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။

လူမှုရေးလုပ်ငန်းပါဝင်ဆောင်ရွက်မှုများ

  • ၁၉၉၀ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ နမ့်ခမ်းမြို့၊ စာပေနှင့်ယဉ်ကျေးမှုဖျော်ဖြေရေးကဏ္ဍတွင် အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ယဉ်ကျေးမှုအဖွဲ့လူငယ်များအား အခြေခံဂီတပညာသင်တန်းများကို အခါအားလျော်စွာ သင်ကြားပို့ချခဲ့ပေးပါသည်။
  • ယခုလက်ရှိတွင် အခြေခံအဆိုပညာရပ်နှင့် အခြေခံ ဂီတပညာသင်တန်းကို မူဆယ်မြို့၊ မြောက်ရပ်ကွက်၊ မဟာဝန်ကျောင်းတိုက်တွင် စနေ၊ တနင်္ဂနွေနေ့ ညတိုင်း အခမဲ့သင်ကြား ပို့ချပေးလျက်ရှိပါသည်။