စိုင်းသန်းထွန်း (စိုင်းလုံ)

ပညာရေး

  • BA Buddhism (SPSU, Yangon)
  • MA Buddhism (Thesis) (SPSU, Yangon)
  • MA (Kelaniya University, Colombo, Sri Lanka)
  • PhD (Thesis) (Mahidol University, Thailand) နှင့်
  • အခြား ကွန်ပျူတာနှင့် ဘာသာစကားသင်တန်းများ။

လုပ်ငန်းအတွေ့အကြုံများ

  • ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှ လက်ရှိအချိန်အထိ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်တွင် ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ (အထွေထွေစီမံခန့်ခွဲရေး) ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။
  • ၂၀၁၆ ခုနှစ်၊ မတ်လ မှ ၂၀၁၆ ခုနှစ်၊ သြဂုတ်လအထိ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်၏ အိုင်စီတီဌာနတွင် မန်နေဂျာရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
  • ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၆ ခုနှစ်၊ မေလအထိ ထိုင်းနိုင်ငံ မဟိဒွန်းတက္ကသိုလ် ဉာဏသံဝရစင်တာတွင် IT Officer အဖြစ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
  • ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆုခူဝစ် ဆေးရုံတွင် ဘာသာပြန်နှင့် စျေးကွက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဗီဇာအခက်အခဲကြောင့် တာဝန်မှ နှုတ်ထွက်ခဲ့သည်။
  • ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၀ ခုနှစ် မတ်လအထိ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်မြို့ အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရတွင် volunteer Academic Asst. အဖြစ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
  • ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လူမှုရေးလုပ်ငန်းပါဝင်ဆောင်ရွက်မှုများ

  • ၂၀၀၈ ခုနှစ်တွင် ရှမ်းပိဋကတ်သုံးပုံ CD-Rom ကို တစ်ဦးတည်းဖြင့် ၈ လကြာ ရေးဆွဲပေးခဲ့ခြင်း။
  • ၂၀၁၃ ခုနှစ် လက်ရှိအချိန်အထိ ရှမ်းကွန်ပျူတာအသင်းတွင် BOD အဖွဲ့ဝင်အဖြစ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ခြင်း။
  • ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် နှစ်လည်ပိုင်းအထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရှမ်းလူမှုရေးအသင်းများတွင် စာပေများကို သင်ကြားပေးခြင်း၊ ဦးဆောင်ခြင်းနှင့် အကြံပေးခြင်း။