လူမှုဝန်းကျင်အပေါ် ပူးပေါင်းတာဝန်ယူမှု

ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် ရေရှည် တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သို့ လျှောက်လှမ်းရင်း တစ်ဖက်တွင်လည်း နိုင်ငံတော်၏ နောင်လာနောက်သားများ အတွက် လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်များကိုလည်း စဉ်ဆက်မပြတ် တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လျက် ရှိသည်။ ကုမ္ပဏီ၏ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု လုပ်ငန်း ဆောင်ရွက်ချက်များအရ လတ်တလောတွင် ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံ ဆိုသည့် ကဏ္ဍ ၃ ရပ်ကို ဦးစားပေး ကူညီ ပံ့ပိုးပေးလျက်ရှိပြီး နောင်တွင် သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့မှု ကိစ္စများ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ် စောင့်ထိန်းခြင်း ကိစ္စများကိုပါ ဦးတည် ဆောင်ရွက်နိုင်ရန် ပိုမိုတိကျ ပြတ်သားသော ကုမ္ပဏီ၏လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ပူးပေါင်းတာဝန်ယူမှု မူဝါဒအတိုင်း ဖော်ဆောင်သွားရန် စီစဉ်ထားပါသည်။

မူဝါဒကို ဖော်ဆောင်ရာတွင် ကုမ္ပဏီ တစ်ခုတည်းဖြင့်ဖြစ်စေ၊ အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်း သို့မဟုတ် အခြားသက်ဆိုင်သူများနှင့် လက်တွဲပူးပေါင်း၍ဖြစ်စေ အကောင်အထည် ဖော်ဆောင်လျက် ရှိသည်။

 

၂၀၁၆ ခုနှစ်၊ လူမှုဝန်းကျင် ပူးပေါင်းတာဝန်ယူမှု ဆောင်ရွက်ချက်များ

ကွန်ပျူတာ လှူဒါန်းခြင်း

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မူဆယ်မြို့၊ ပညာရေးမှူးရုံးအား (3-in-1 Canon အမျိုးအစား) ပရင်တာတစ်လုံးနှင့် UPS မီးထိန်းစနစ်အပါအဝင် ရုံးသုံး စားပွဲတင် ကွန်ပျူတာတစ်စုံကို ဂရိတ်ဟော်ခမ်း၏ လူ့စွမ်းအားနှင့် စီမံခန့်ခွဲရေးဌာန ဒါရိုက်တာ ဦးစိုင်းသိန်းကျော်၊ ဆောက်လုပ်ရေးဌာန ဒါရိုက်တာ ဦးစိုင်းတင်အောင်နှင့် ဝန်ထမ်းများက မူဆယ်မြို့ ပညာရေးမှူးရုံးတွင် သွားရောက်လှူဒါန်းနေစဉ်။

မိဘမဲဂေဟာအား ထောက်ပံ့ခြင်း

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် လားရှိုးမြို့ရှိ ရှမ်းမိဘမဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ကျောင်းသုံးပလာစာအုပ်များကို သွားရောက် လှူဒါန်းနေစဉ်။

စဉ့်အင်ရှိ စာသင်ကျောင်း ၄ ကျောင်းအား ထောက်ပံ့

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် စဉ့်အင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်း ၄ ကျောင်းအား ကျောင်းသုံးပလာစာအုပ် ဒါဇင် ၆၄၀ ကို သွားရောက်လှူဒါန်းနေစဉ်။

စဉ့်အင်ရှိ စာသင်ကျောင်း ၄ ကျောင်းအား ထောက်ပံ့

ကျောင်းသုံးပလာစာအုပ်များကို ပျောက်ရွှင်စွာ ဝိုင်းဝန်းကူညီ သယ်ယူနေသော စဉ့်အင်မှ ကျောင်းသူကျောင်းသားလေး။

စဉ့်အင်ရှိ စာသင်ကျောင်း ၄ ကျောင်းအား ထောက်ပံ့

စဉ့်အင်ရှိ စာသင်ကျောင်းတစ်ကျောင်း အတွင်းတွင် အပူအပင်ကင်းမဲ့စွာ ကစားနေသော ကျောင်းသူကျောင်းသားလေး။

သိန္နီရှိ စာသင်ကျောင်း ၁၈ ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် သိန္နီရှိ စာသင်ကျောင်း ၁၈ ကျောင်းအား ကျောင်းသုံးပလာစာအုပ် ဒါဇင် ၁,၅၆၄ ကို သွားရောက်လှူဒါန်းနေစဉ်။

ကွတ်ခိုင်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် ကွတ်ခိုင်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ကျောင်းသုံးပလာစာအုပ် ဒါဇင် ၅၀ သွားရောက်လှူးဒါန်းနေစဉ်။

ကွတ်ခိုင်ရှိ စာသင်ကျောင်း ၂၇ ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် ကွတ်ခိုင်ရှိ စာသင်ကျောင်း ၂၇ ကျောင်းအား ကျောင်းသုံးပလာစာအုပ် ဒါဇင် ၂,၁၀၄ ကို သွားရောက် လှူဒါန်းနေစဉ်။

စယ်လန့်ရှိ မူကြိုကျောင်း ဆောက်လုပ်ရန်အတွက် ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီ မိတက်မှ စယ်လန့်ကျေးရွာအုပ်စု မူကြိုကျောင်း ဆောက်လုပ်ရေးအတွက် အလှူငွေ ကျပ် ၁၀-သိန်းကို သွားရောက် လှူဒါန်းနေစဉ်။

တိန်းလုံကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီ မိတက်သည် မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက်လှူဒါန်းနေစဉ်။

ပန်ခမ်းကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက် လှူဒါန်းနေစဉ်။

မန်ဝိန်းကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် မူဆယ်မြို့နယ်၊ မန်ဝိန်းကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက် လှူဒါန်းနေစဉ်။

စွမ်စော်ကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် မူဆယ်မြို့နယ်၊ စွမ်စော်ကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက် လှူဒါန်းနေစဉ်။

မန်မိုင်ကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် မူဆယ်မြို့နယ်၊ မန့်မိုင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက် လှူဒါန်းနေစဉ်။

စက်မှုရပ်ကွက် စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် မူဆယ်မြို့နယ်၊ စက်မှုရပ်ကွက်ရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက် လှူဒါန်းနေစဉ်။

ကောင်းခန် စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် မူဆယ်မြို့နယ်၊ ကောင်းခန်ကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက် လှူဒါန်းနေစဉ်။

ကျိန်းယန်း စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်သည် ကြူကုတ်မြို့နယ်၊ ကျိန်းယန်းကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက် လှူဒါန်းနေစဉ်။

ဝေလုကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ ဝေလုကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက် လှူဒါန်းနေစဉ်။

ဝေလုကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် မူဆယ်မြို့နယ်၊ ဝေလုကျေးရွာရှိ စာသင်ကျောင်းအား ထောက်ပံ့လှူဒါန်းရန် ကျောင်းသုံးပလာစာအုပ်များကို သယ်ယူနေသော ဂရိတ်ဟော်ခမ်း၏ ဝန်ထမ်းများ။

မန့်မော်ကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ မန့်မော်ကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက် လှူဒါန်းနေစဉ်။

တုန်ခန်ကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ တုန်ခန်ကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက် လှူဒါန်းနေစဉ်။

နမ့်ခုမ်ကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ နမ့်ခုမ်ကျေးရွာအုပ်စုရှိ စာသင်ကျောင်း ၉-ကျောင်းအား ကျောင်းသုံးပလာစာအုပ် ၁,၆၈၈ ဒါဇင်ကို သွားရောက် လှူဒါန်းနေစဉ်။

မလွန်းကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ မလွန်းကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက် လှူဒါန်းနေစဉ်။

နမ့်အုမ်ကျေးရွာအုပ်စု စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ မော်တောင်းနှင့် နမ့်အုမ်ကျေးရွာအုပ်စုရှိ စာသင်ကျောင်း ၁၁-ကျောင်းအား ကျောင်းသုံးပလာစာအုပ် ၂,၀၅၈ ဒါဇင်ကို သွားရောက် လှူဒါန်းနေစဉ်။

ကောင်းခါး မူလတန်းကျောင်း၏ ကျောင်းချဉ်းကပ်လမ်း ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ နမ့်အုမ်ကျေးရွာအုပ်စု၊ ကောင်းခါးကျေးရွာ၏ စာသင်ကျောင်းချဉ်းကပ်လမ်းကို ဆောက်လုပ်ပေးပြီး ဂုဏ်ပြုလက်မှတ် လက်ခံနေစဉ်။

ကောင်းခါးကျေရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ နမ့်အုမ်ကျေးရွာအုပ်စု၊ ကောင်းခါးကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ လှူဒါန်းနေစဉ်။

တာလုံကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ တာလုံကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ လှူဒါန်းနေစဉ်။

မန့်ဟန်ကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ မန့်ဟန်ကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ လှူဒါန်းနေစဉ်။

မော်တောင်းကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ လှူဒါန်းနေစဉ်။

နမ့်တောင်း(ဝ်)ကျေးရွာအုပ်စု စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ နမ့်တောင်း(ဝ်)ကျေးရွာအုပ်စုရှိ စာသင်ကျောင်း ၆-ကျောင်းအား ကျောင်းသုံးပလာစာအုပ် ၁,၂၆၄ ဒါဇင် လှူဒါန်းနေစဉ်။

နမ့်တောင်း(ဝ်)ကျေးရွာအုပ်စု စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၊ မူဆယ်မြို့နယ်၊ နမ့်တောင်း(ဝ်) အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းအဖြစ် မြင့်တင်ဖွင့်လှစ်ပွဲအခမ်းအနားတွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က ကျောင်းသုံးပလာစာအုပ်များ သွားရောက်လှူဒါန်းနေစဉ်။

နမ့်စန့်ဂိုဒေါင်ကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ နမ့်စန့်ဂိုဒေါင်ရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ လှူဒါန်းနေစဉ်။

မန့်ဟိုင်းကျေးရွာ စာသင်ကျောင်းအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ မန့်ဟိုင်းကျေးရွာရှိ စာသင်ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ လှူဒါန်းနေစဉ်။

ဆောင်ရွက်မှု ခေါင်းစည်း

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က မူဆယ်မြို့နယ်၊ မန့်ဟီးရိုးကျေးရွာအုပ်စုရှိ စာသင်ကျောင်း ၉-ကျောင်းအား ကျောင်းသုံးပလာစာအုပ်များ သွားရောက် လှူဒါန်းနေစဉ်။

နမ့်ဆန် မီးဘေးသင့်များအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့ မီးဘေးသင့်များအား အလှူငွေ ကျပ်သိန်း ၅၀ (ငါးဆယ်) သွားရောက် လှူဒါန်းနေစဉ်။

စစ်ဘေးရှောင်များအား ထောက်ပံ့မှု

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား အလှူငွေ ကျပ်သိန်း ၁၅၀ (တစ်ရာ့ငါးဆယ်) သွားရောက် ကူညီနေစဉ်။

စစ်ဘေးရှောင်များအား ဂီတာဖြင့် ဖျော်ဖြေပေးမှု

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်မှ အဆိုတော်များက ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား ဤကဲ့သို့ သီချင်းဖြင့်လည်း ဖျော်ဖြေပေးခဲ့သည်။

စစ်ဘေးရှောင် ခလေးငယ်များနှင့် အမျိုးသမီးများ

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား သွားရောက်ကူညီနေစဉ် မြင်တွေ့ရသော ခလေးငယ်များနှင့် အမျိုးသမီးများ။

စစ်ဘေးရှောင်များအား သာကြောင်းမာကျောင်းနှင့် အားပေးစကား

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီ လီမိတက်က ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား သွားရောက်ကူညီနေစဉ် စစ်ဘေးရှောင်များအား သာကြောင်းမာကြောင်း နှင့် အားပေးစကားများ ပြောကြားပေးနေစဉ်။