စီးပွားရေးမူဝါဒ

ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် ဆောက်လုပ်ရေးလုပ်ငန်းဖြင့် လုပ်ငန်းလည်ပတ်ခဲ့ပြီး ၄ နှစ် နီးပါး ကာလအတွင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ အမျိုးမျိုး ဥပမာ - အဆောက်အအုံများ၊ လမ်းနှင့်တံတားများ၊ အကြီးစားဆောက်လုပ်ရေးစီမံကိန်းများ၊ အိမ်ယာစီမံကိန်းများ၊ အခြေခံအဆောက်အအုံများဖြစ်သည့် ရေကာတာနှင့် တမံများ၊ ရေအားလျှပ်စစ်စက်ရုံများ စသည်ဖြင့် လုပ်ငန်း အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများစွာ ရှိခဲ့ပြီးဖြစ်သည်။

ကုမ္ပဏီသည် အများပြည်သူအတွက်လည်းကောင်း၊ ပုဂ္ဂလိကအတွက်လည်းကောင်း အထက်ဖော်ပြပါ လုပ်ငန်း လည်ပတ်မှုများဖြင့် နှစ်စဉ်ဝင်ငွေများ ဖော်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် ကုမ္ပဏီသည် ဆောက်လုပ်ရေးနှင့်သက်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုများဖြင့်လည်း နှစ်စဉ်ဝင်ငွေများ ထွက်ပေါ်စေ ခဲ့သည်။ ဤကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမှ တစ်ဖက်တစ်လမ်း ဝင်ငွေ များသည် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍမှ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုဖြစ်နိုင်ခြေများကို တစ်ဖက်တစ်လမ်းမှ ကျောထောက် နောက်ခံအဖြစ် ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် ကုမ္ပဏီသည် အခြားလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး ယင်းမှ ရရှိခဲ့သော အမြတ်ခွဲဝေစုများသည် ကုမ္ပဏီ၏ ဝင်ငွေကို မြဲမြံ ခိုင်မာစေသည်။

မျှော်မှန်းချက်

ဆောက်လုပ်ရေးလုပ်ငန်းကို အရည်အသွေးကောင်းမွန်မှု ဖြင့် ဦးဆောင်နိုင်ရုံမျှမက မြန်မာ့စွမ်းရည်နှင့် လူမှုဝန်းကျင် ဘဝ အရည်အသွေး တိုးတက်မှုကို အထောက်အကူပြုရန် ရည်ရွယ်၍ အာဆီယံဒေသတစ်ခွင်၏ အခြေခံအဆောက်အအုံများကို နိုင်ငံ တကာအဆင့်မီ တာဝန်ယူဆောင်ရွက်ပေးနိုင်ရန်။

ရည်မှန်းချက်

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းတွင် နိုင်ငံတကာအဆင့်မီ ကောင်းမွန်သော လုပ်ငန်းအရည်အသွေး၊ ထိုက်တန်သော အကျိုးအမြတ်နှင့် မျှတသောမူဝါဒစည်းမျဉ်းများဖြင့် အစုရှယ်ယာရှင်များနှင့်လုပ်ငန်းအပ်နှံသူများကို စိတ်ကျေနပ် မှု ရရှိစေရန်။

မဟာဗျူဟာများ

  • လူ့အသိုင်းအဝိုင်းနှင့် မိမိတိုင်းပြည်အပေါ် အကျိုးဖြစ်ထွန်းစေသော စီမံကိန်းလုပ်ငန်း များကို သင့်တင့်မျှတသော အကျိုးအမြတ် များဖြင့် ရွေးချယ်လုပ်ကိုင်ဆောင်ရွက်ခြင်း၊
  • ထိရောက်မှုရှိသော စီမံခန့်ခွဲမှုစနစ်၊ ကောင်းမွန်သော လုပ်ငန်းအရည်သွေးနှင့် သတ်မှတ်အချိန်အတွင်း အပြီးတိုင်ဆောင် ရွက်ခြင်းစသည့်မူများဖြင့် တည်ဆောက်ရေး စီမံကိန်းများအား စီမံခန့်ခွဲခြင်း၊
  • ဆုံးရှုံးမှုဖြစ်နိုင်ခြေနည်းပါးပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေသော ဆောက်လုပ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်ခြင်းဖြင့် ရှယ်ယာရှင်များအတွက် ရေရှည်အကျိုးအမြတ်များကို ဖြစ်ထွန်း စေခြင်း၊
  • အာဆီယံနိုင်ငံများကို အဓိကထားပြီး ဒေသဈေးကွက်များ တိုးချဲ့ခြင်း၊
  • ကုမ္ပဏီ၏ ယှဉ်ပြိုင်နိုင်စွမ်းများ ပိုမို တိုးတက်လာစေရန်လူ့စွမ်းအား အရင်း အမြစ်နှင့် အုပ်ချုပ်မှုပုံစံ စသည့် ကုမ္ပဏီ တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း၊
  • ကုမ္ပဏီ၏ နှိုင်းယှဉ်နိုင်စွမ်း ပိုမိုမြင့်မား လာစေရန် ဖွံ့ဖြိုး တိုးတက်လာသော နည်းပညာများနှင့် အသိပညာများကို အချိန်မီ လက်တွေ့အသုံးချနိုင်ရန် စီမံဆောင်ရွက်ခြင်း။

ပူးပေါင်းဆောင်ရွက်ခြင်း

  • လုပ်ငန်းဝန်ဆောင်မှုအရည်အသွေး ကောင်းမွန်မှု၊
  • လုပ်ငန်းမိတ်ဆွေတို့၏ စိတ်ကျေနပ်မှု၊
  • ရိုးသားကြိုးစားမှု၊
  • လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် တာဝန်ယူမှု၊
  • ပူးပေါင်းလုပ်ဆောင်မှု။

ကုမ္ပဏီသည် ယင်း၏ လုပ်ငန်းမူဝါဒများနှင့်အညီ ၂၀၁၅ ခုနှစ်တွင် အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -

၁။   အချိန်ဇယားအတိုင်း လုပ်ငန်းများကို ပြီးစီး အောင် ဆောင်ရွက်ခြင်း၊

၂။   လုပ်ငန်းစာချုပ်များ၏ သတ်မှတ်ချက် လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊

၃။   စီမံကိန်းများတွင် ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှုကို ပြုလုပ်ပြီးမှ လုပ်ငန်းဆောင်ရွက်ခြင်း၊

၄။   ရေရှည်ရင်းနှီးမြှုပ်နှံမှုနှင့် အချိန်တို ရင်းနှီး မြှုပ်နှံမှုများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်း ဖြင့် ကုမ္ပဏီ၏ငွေကြေးဖြစ်လွယ်မှုကို ထိန်း သိမ်းထားနိုင်ခြင်း၊

၅။    ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စီမံကိန်းတိုင်းတွင် ပွင့်လင်းမြင်သာမှု ကို အဓိကထား ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။