admin's blog

ဂရိတ်ဟော်ခမ်းမှ မီးသတ်ယာဉ်နှင့် ရေတိုင်ကီလှူဒါန်းခြင်း
Burmese

ဂရိတ်ဟော်ခမ်းမှ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြုစေရန်၊ ဒေသခံ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိစေရန်နှင့် ဒေသအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံမှုကို အထောက်အပံ့ ဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် မူဆယ်မြို့နှင့် ၆ ကီလိုမီတာ အကွာဝေးတွင် တပ်ဆင်စက်အင်အား ၂၀ မဂ္ဂါဝပ်ရှိ နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် အညီ B.O.T စနစ်ဖြင့် အကောင်အထည် ဖော်ဆောင်လျက် ရှိပါသည်။

စွန့်စားမှု ညွှန်းကိန်းများ
Burmese

ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြေခံအဆောက်အဦ လုပ်ငန်းများတွင် နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့် ဝန်ဆောင်မှုများဖြင့် တာဝန်ယူဆောင်ရွက်ပေးနိုင်သည့် ရှေ့ဆောင်ကုမ္ပဏီကြီးတစ်ခု ဖြစ်လာနိုင်ရန် မျှော်မှန်းထားသည့်အလျောက် လုပ်ငန်းလည်ပတ်မှုများတွင် ထိခိုက် နစ်နာစေနိုင်သည့် အတွင်းအပြင် နှစ်ဌာနမှ စွန့်စားမှုနှင့် အန္တရာယ်ဖြစ်မှုများကို အချိန်မီ ဖော်ထုတ်ပြီး သုတ်သင်ရှင်းလင်းနိုင်ရန် လိုအပ်ပါသည်။ စွန့်စားမှုနှင့် အန္တရာယ်ဖြစ်မှုများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်း သည် လုပ်ငန်းတစ်ခု၏ အောင်မြင်ပေါက်မြောက်မှုအတွက် အခရာကျသည့်အချက်တစ်ချက်ဖြစ်သည်။ လုပ်ငန်းကို ကောင်းမ